မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးဖြစ်သွားတာက ဖုန်း Root လုပ်နည်း
Tutorial တွေကို တင်ပေးရင်းကနေ သတိထားမိလာလို့
ဒီပိုစ့်လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်တာဖြစ်ပါတယ်။
အထူးသဖြင့် ဖုန်းကို Root လုပ်ချင်တယ် ကွန်ပျူ တာအဆင်မပြေဖူးပြီးတော့ ကွန်ပျူ တာမလိုပဲ Root လုပ်နိုင်တဲ့ Root Apk လေးနဲ့သာRoot အလွယ်လုပ်ချင်တဲ့ သူတွေအတွက် မသိမဖြစ်တဲ့ Method လေးဖြစ်တာရယ်။
ပြီးတော့ ဖုန်း Brands အများစုကို အခုနောက်ပိုင်း ဒီ KingRoot apk လေးနဲ့
Root Access တစ်ခု အလွယ်တကူ ရရှိလာတာကြောင့်ရယ်၊
လေ့လာခါစ ညီအကိုတွေအတွက် ပြီးပြည့်စုံသွားအောင်လို့
ကျနော် ပုံလေးတွေနဲ့ သီးသန့်တင်ပေးလိုက်တာဖြစ်ပါတယ်။
KingRoot Apk ဖြင့် Root လုပ်နည်း=================
Root လုပ်နည်းကို လေ့လာတော့မယ်ဆိုရင်တော့
ပထမဆုံး သင့်အတွက် အရေးကြီးတာက Root Apk လေးဖြစ်ပါတယ်။
အောက်ကလင့်မှာ အရင် ဒေါင်းလော့ရယူလိုက်ပါ။
KingRoot All Version==============
KingRoot v3.0.0KingRoot v3.3.1KingRoot v3.4.1KingRoot v3.4.7KingRoot v3.5.0 ၁။ လိုအပ်တဲ့ Root Apk လေးကို ဒေါင်းလော့ရယူပြီးရင်တော့
KingRoot Apk ကို ဖုန်းမှာ အင်စတောလုပ်ရန်အတွက်
Setting > More device > Security > Unknown sources ကို
အမှန်ဖြစ်ပေးလိုက်ပါ။
၂။ ဖုန်းရဲ့ SD ကဒ်သို့ ကူးထည့်လိုက်ပါ (ကွန်ပျူ တာနဲ့)
ပြီးရင် မိမိသိမ်းဆည်းထားတဲ့ နေရာကိုသွားလိုက်ပါ
ပြီးရင် install လုပ်ရန်အတွက် apk လေးကို တစ်ချက်နှိပ်လိုက်ပါ။
၃။ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Next ဆိုတာကို နှိပ်လိုက်ပါ။
၎။ ဘာမှထပ်လုပ်စရာမလိုတော့ပါ install လုပ်နေပါလိမ့်မယ်။
၅။ အောက်ကပုံအတိုင်းပေါ်လာခဲ့ရင်တော့ Open ဆိုတာကိုနှိပ်လိုက်ပါ။
၆။ Open ကိုနှိပ်လိုက်တာနဲ့ မိမိဖုန်းရဲ့ Info ကို
အတိအကျပြပေးနေပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်ပါ။
Root လုပ်ဖို့ရနအတွက် Root လုပ်လို့ပေါ်နေတဲ့ အရမ်းစိမ်းနေရာလေးကို
တစ်ချက်နှိပ်လိုက်ပါ၊ ပြီးရင် ခနစောင့်နေလိုက်ပါ။
၇။ အောက်ကပုံအတိုင်း အ၀ိုင်းလေး လည်နေပြီး Rooting လုပ်
နေပါလိမ့်မယ် ဘာမှ ထပ်လုပ်ပေးစရာမလိုတော့ပါ
၈။ Rooting လုပ်နေတုန်းပါ ခနလေးစောင့်နေပေးလိုက်ပါ
xxxx
သွက်ကောန်မန် မွဲဓဝ်ဟေင်ရ
အဆင်ပြေပါစေ